တေးသံစဉ်....


MusicPlaylistRingtones
Create a playlist at MixPod.com

Sunday, December 13, 2009

ဆောင်းဦးရွက်ကြွေ

မနှစ်ကဒီလိုအချိန်.. တိမ်မရှိတဲ့ကောင်းကင်နဲ့ သိမ်ငယ်နေတဲ့စိတ်အစဉ်..
အိမ်မရှိတဲ့တခြားတစ်ပြည်မှာ အမေမရှိတဲ့အဝေးတစ်နေရာ..
ပထမဆုံးခြေချခဲ့တာ ရွက်ကြွေဝါပေါ်မှာ..
အေးစက်စက် ပတ်ဝန်းကျင်.. ရင်ထဲကလွမ်းပူနဲ့ ရန်ပြုနေသလား..
ရွှေဝါရောင် ရုပ်အဆင်းနဲ့ အလှတရားရှုခင်းလေးတွေမတွေ့..
ဖြူဖပ်ဖပ်ရုပ်အဆန်းတွေနဲ့ ကိုယ့်ရှေ့မှာလျှောက်လှမ်းနေကြတယ်..
သူပြောလို့ကိုယ်မသိ.. ကိုယ်ပြောတာသူနားမလည်တဲ့ဘဝမှာ..
ဘယ် အသွားလွယ်ပါ့မလဲ..
ကိုယ့်မြေမှာနေရင်ရရဲ့သားနဲ့ တခြားပြည်မှာခြေချချင်..
မိသားစုဘဝပိုလှစေချင်တယ်ဆိုမှတော့.. မနက်ဖြန်ရှိတဲ့ ညအိပ်လို့ရပါသေးတယ်..
တောင်ပံတွေစုံလို့ မိဘရင်က ခုန်ကန် ကမ္ဘာမြေပေါ်မှာ စုံကန်ရပ်ခဲ့ပြီပဲ..
ပန်းတိုင်ရောက်ချင်မှတော့ လမ်းလျှောက်ရမှာပေါ့..
သား အားရှိပါတယ် အမေ..
ကိုယ့်ဘဝကိုယ်လည်း သားသိပါတယ်..
အများအကြည့်မှာ လွယ်ပေမယ့် တကယ်လက်တွေ့ ရင်ဆိုင်တွေ့ရတဲ့ သားဖို့..
ထိခိုက်လို့ နာရင်တောင် အား….. လို့အော်ခွင့်မရဘူး..
အော်ချင်ရင်တော့ ဒီခေတ်ကြီးက ပေါ်တင်ပဲလေ..
ဖုန်းခေါ်ချင်ရင်လာခဲ့ ပိုက်ဆံကို စက်ထဲထည့်ပဲ..
ငွေကုန်မယ့်အရေးဆို အရမ်းတုန့်နှေးနေတယ် အမေရယ်..
သားလေး နေရက်လိုက်တာလို့တော့ မတွေးပါနဲ့နော်..
အထီးကျန် အလွမ်းမီးလျှံတွေနဲ့ လောကထဲမှာ..
အသက်ဆက်ရှင်ကျန်ဖို့ Chat တက်တာတော့ မှန်နေဆဲပါ..
ထမင်းမစား.. ပေါင်မုန့်နဲ့အသားပဲ နေ့တိုင်းညားနေတဲ့ ကာလမှာ..
အမေ့ရဲ့ အဟာရတွေကို သတိရလိုက်တာ..
စားချင်တာပြော.. ရှိတာချက်ကျွေးမယ်ဆိုတဲ့.. အမေ..
ခုစားချင်တာတွေ မေ့နေပြီအမေ..
အမေလည်းချက်ချင်တာသာ ချက်ကျွေးတော့နော်..
ပြက္ခဒိန်မှာ ရက်စွဲလေးတစ်ရက်ရွေ့တိုင်း.. တစ်သက်မမေ့နိုင်တဲ့ ပျော်ရွှင်မှုကိုခံစားနေရတယ်..
လကုန်လို့ တစ်ရွက်ပြောင်းရင် လူဆင်စစ်က နတ်သားဘဝ ပြောင်းလိုက်ရသလိုပဲ..
ဟောင်းနွမ်းသွားတဲ့ ဖိနပ်စုတ်လေးကို အပြုံးလေးတွေပဲ အမြဲအဟုတ် ပေးနေမိတယ်..
ပြန်ရမယ့် ရက်ကို သိချင်တယ် အမေ..
အမေ့ရင်ခွင်ထဲမှာ တစ်မနက်လောက်တော့ ရှိနေချင်တယ်..
အမေ ချက်တဲ့ ထမင်းကိုလည်း တစ်ရက်လောက်တော့ စားချင်နေတယ်..
ခုတော့ ငါးကင်နဲ့ အားလူးတွေစားပြီး သား အားရပါးရ ရူးလိုက်ဦးမယ်နော်.
ဒီမြေမှာ ခြေချတော့ လာလာချင်း ကြိုဆိုလိုက်တာ ဆောင်းဦးရွက်ဝါ..
ရိုးတံကျဲကျဲ သစ်ပင်တွေကြားထဲမှာ.. တရှဲရှဲနဲ့ အကယ်ဒမစ် အိတ်ဆွဲခဲ့တယ်..
ပတ်ဝန်းကျင်ကို မသဲမကွဲကြည့်နေစဉ်မှာ နှင်း ဆိုတဲ့အရာတွေ ကျခဲ့တယ်..
မမြင်ဖူးတဲ့ အသွင်ထူးဆိုတော့ ကလေးတွေလို နဲနဲတော့ ရူးခဲ့သေးတယ်..
နှင်းတွေ အရည်ပျော်.. ဆောင်းရာသီဆိုတာ ကျော်သွားတော့..
ဟိုပေါ်ဒီပေါ် သွားလာနေတဲ့ ရုရှားကညာတွေ အလှည့်ပေါ့..
ဆောင်းမှာအေး.. ရင်မှာ အလွမ်းငွေ့နဲ့ နွေးသလို..
နွေမှာအိုက်တော့ မျက်လုံးလေးတွေ အသာလိုက်ပြီး မိုက်နေခဲ့တယ်..
နွေကုန်ပြန်ပြီ.. တရားသဘောအရ သွားရော့ဟ ဆိုပြီး ချွေချခဲ့ရတဲ့ သစ်ရွက်..
သား အတွက်တော့ ကျေနပ်ဖွယ်ပဲ..
နောက်ထပ်သာ လေဖြတ်သလို အေးပြီးသွားရင်တော့..
အမေ ရှိတဲ့ မွေးမြေရပ်ကိုတော့ ပြန်ရတော့မယ်..
အမေနဲ့တွေ့ရဖို့ ကမကဌ လုပ်ပေးတဲ့အထဲမှာတော့..
နာရီတွေ ရာသီတွေ.. ပြက္ခဒိန်တွေ မက်အိမ် တွေလိုပဲ..
ဆောင်းဦးရွက်ကြွေတွေကလည်း သူ့နေရာကနေသူ ကူညီနေစမြဲပါ..
ဆောင်းဦးမှာ သစ်ရွက်ကြွေတာ သားတို့ ဆုံရဖို့ အတွက်ပါ အမေရာ…

No comments:

Post a Comment